Sorting

Sorting #

// Go ၏ စံကုဒ်အစုအဝေး (standard library) တွင် ပါရှိပြီးသား ဒေတာအမျိုးအစားများနှင့်
// အသုံးပြုသူများက သတ်မှတ်လိုက်သော ဒေတာအမျိုးအစားများ အတွက် အက္ခရာစဉ်၊ နံပါတ်စဉ်
// စသည် စီရန် စဉ်ရန် `sort` package ကို ပြုလုပ်ထားပါသည်။ Go တွင် ပါဝင်ပြီးသား
// ဒေတာအမျိုးအစားများ အတွက် ဒေတာစဉ်နည်းကို အရင်ဦးဆုံး ကြည့်ကြမည်။

package main

import (
	"fmt"
	"sort"
)

func main() {

	// Sort method များကို ရှိပြီးသား ဒေတာအမျိုးအစားများ အတွက်သာ ပြုလုပ်ထားသည်။
	// string အမျိုးအစားအတွက် နမူနာကို ယခုအပိုဒ်တွင် ကြည့်နိုင်သည်။ စီခြင်း စဉ်ခြင်းကို
	// တနေရာတည်း ပြုလုပ်သွားသည့်အတွက် ထည့်ပေးလိုက်သော slice တွင် ပြောင်းလဲမှု (စီခြင်း
	// စဉ်ခြင်း) ဖြစ်သွားပြီး slice အသစ်တစ်ခု ပြန်မထုတ်ပေးကြောင်း မှတ်သားနိုင်သည်။
	strs := []string{"c", "a", "b"}
	sort.Strings(strs)
	fmt.Println("Strings:", strs)

	// `int` ဒေတာများကို စဉ်သည့် နမူနာ။
	ints := []int{7, 2, 4}
	sort.Ints(ints)
	fmt.Println("Ints:   ", ints)

	// Slice ကို sort လုပ်ထားပြီးသား ဟုတ်မဟုတ် `sort` package ကိုသုံးပြီး စစ်နိုင်တယ်။
	s := sort.IntsAreSorted(ints)
	fmt.Println("Sorted: ", s)
}
# ပရိုဂရမ်ကို ခိုင်းစေလိုက်ပါက
# စဉ်ပြီးသော string နှင့် int ဒေတာများ၊
# `true` ကို စမ်းသပ်သောကုဒ်
# `IntsAreSorted` ၏ရလဒ်
# စသည်ဖြင့် တွေ့မြင်ရမည်။
$ go run sorting.go
Strings: [a b c]
Ints: [2 4 7]
Sorted: true